top of page

CROWNS ၏သမိုင်းအကျဉ်း

ကျွန်ပ်တို့၏ CROWNS သာသနာသည် ဘုရားသခင်၏လမ်းပြမှုနှင့် ခွင့်ပြုခြင်းဖြင့် ကျွန်တော်နှင့် ပထမဆုံး သာသနာပြု ဆရာမဖြစ်သည့် ဆရာမ Niangseen နှင့် အဆက်အသွယ်ရရှိကာ ၂၀၂၃ ခုနှစ်၊ ဇွန်လတွင် ဖြစ်ပေါ် လာသော သာသနာ ဖြစ်ပါသည်။ ထိုသို့ မတိုင်ခင် ကျွန်တော်သည်လည်း အသက်က ရလာကာ အတည်တကျ ဘုရားသခင်၏အမှုတော် ဆောင်ခြင်းမရှိခဲ့ပါ။ လောကမှာ အသက်ရှင်ခြင်းများနဲ့ အလုပ်ရှုပ်လာသည့်အခါ တွေးတောခြင်းတွေ များလာပြီး၊ အဘယ်ကဲ့သို့ ဘုရားသခင်၏အမှုတော်ကို ထမ်းဆောင်နိုင်မည်ကိုလည်းကောင်း၊ ပျောက်ဆုံးသော ဝိညာဥ်များကို ရှာတွေ့နိုင်ဖို့အတွက် လည်းကောင်း အမြဲတမ်း စဉ်းစားနေတာ တစ်ခု ဖြစ်ပါသည်။

 

အရင်တုန်းက Online မှ တဆင့် သမ္မာကျမ်းစာ သင်ကြားခြင်းပြုလုပ်မည်ဟု တွေးထားသော်လည်း၊ အခွင့်အလမ်းများမရရှိခဲ့ပါ။ သို့သော်လည်း ဘုရားသခင်၏ အစီအစဥ် ရောက်လာသောအခါ သဘောထားချင်းတူသော၊ အတူတကွ အမှုတော်ထမ်းဆောင်နိုင်သော ဆရာမ Niangseen အား ဘုရားသခင်က ပထမဦးဆုံး ပို့ဆောင်ပေးပါသည်။ ဝမ်းမြောက်စွာဖြင့် အတူတကွ ဘုရားသခင်၏အမှုတော် ထမ်းဆောင်ကာ ကျွန်တော်လည်း Zoom မှ တစ်ဆင့် ကြိုးစားပြီး သင်ကြားခြင်းများ ပြုလုပ်ပါသည်။ ဆရာမ Niangseen တို့ သားအမိကို ဘုရားသခင်က အသုံးပြု၍ ပျောက်ဆုံးသော ဝိညာဥ်များ ရှာတွေ့  ဖမ်းနိုင်ကြပါသည်။

 

ထိုကဲ့သို့မှ တစ်ဆင့် ရေနှစ်ခြင်းမင်္ဂလာ ခံခြင်းများ ရှိလာကာ ဘုရားသခင်အား အမြဲတမ်း ဘုန်းကြီးစေသတည်း။ ဒုတိယ သာသနာပြုဆရာမ Cherry နှင့် Mission Center တစ်ခု ထူထောင်ခဲ့တာ တစ်နှစ် ပြည့်သည့်နောက် အတူတကွတွေ့ဆုံကာ ဆရာမသည် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ တွင် စတင်၍ သန်လျင်မှာ အမှုတော် ထမ်းဆောင်နိုင်ခဲ့ပါသည်။ ထိုအချိန်မှာ အချိန်ပြည့် အမှုတော်ဆောင် နှစ်ယောက်နဲ့ သာသနာ ပြုလာသည်ဖြစ်၍ ကယ်တင်ခြင်း သဘောပေါက်သောသူ၊ ကယ်တင်ခြင်း စိတ်ချမှုရရှိသောသူများ ရှိလာ၍ ရေနှစ်ခြင်းခံသောသူများကို ရှိလာသဖြင့် ဘုရားသခင်၏နာမတော်ကို ချီးမွမ်းပါ၏။

 

ထို့ နောက် တစ်နှစ်ပြည့်သောအခါ ဘုရားသခင်က အတူတကွ အမှုတော် ထမ်းဆောင်ဖို့ရန်အတွက် ဆရာ Mangpi အား ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလတွင် ပို့ဆောင်ပေးကာ၊ ထိုလတွင်ပင် ပျောက်ဆုံးသော ဝိညာဥ်နှစ်ပါးသည် ကယ်တင်ခြင်းကို လက်ခံကာ ရေနှစ်ခြင်းမင်္ဂလာခံယူပါပြီ၊ အခြားနှစ်ယောက်သည်လည်း ကယ်တင်ခြင်း စိတ်ချမှု ရရှိလာကာ ရေနှစ်ခြင်းခံယူဖို့ပဲ လိုပါတော့သည်။ အခွင့်အခါ ကောင်းတစ်ခု ကြုံလာရင် ရေနစ်ခြင်းခံဖို့ စီစဥ်ထားပါပြီး။ ဘုရားသခင် ဘုန်းကြီးဖို့ ရာ ဖြစ်ပါစေ။

 

ထို့နောက် ဆရာ J Pau က ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် အတူတကွ အချိန်ပိုင်း အမှုတော် ထမ်းဆောင်ဖို့ရာ ပါဝင်လာပြီး၊ Tahan Mission Center ဖြစ်ပေါ် လာပါသည်။ ဆရာ နှင့် အမှုတော် ထမ်းဆောင်ခြင်း သိပ်မကြာခင်မှာ ယုံကြည်လာသူ နှစ်‌ယောက်ရရှိကာ သူတို့သည် ရေနစ်ခြင်းမင်္ဂလာလည်း ခံယူပြီးပါပြီ။ ဘုရားသခင်က ဆရာ့ကို အသုံးပြုပါစေ။

 

ထို့နောက် ၂၀၂၅ခုနှစ်၊ ဧပြီလ တွင် Rev. Khanno က အချိန်ပိုင်း၊ သူတတ်နိုင်သရွေ့ ဆုတောင်းခြင်းဖြင့် ကူညီခဲ့ပါသည်။ သူ၏ အမှုတော်သည် Tahan Mission Center 2 ဖြစ်ပါသည်။ ဧပြီလမှာပင် ဆရာ Mang က အချိန်ပြည့် နဲ့ Shan State Mission Center မှာ အမှုတော် ဆောင်ဖို့ရာ ဆက်ကပ်လာခဲ့ပါသည်။ ဆရာ Mang က ရှမ်းပြည်နယ်၌ အမှုတော် ဆောင်ရာ အသင်းတော်ကြီးတပါးကို ယုံကြည်သူများနဲ့တည်ထောင်နိုင်ခဲ့သော်လည်း စကစက ဗုံးကြဲ၍ ပျက်စီးခဲ့ပါသည်။ ထို့ကြောင့် စစ်ဘေးကြောင့် မထွက်ပြေးသောသူများနဲ့ တစ်နေရာမှာ အပတ်တိုင်း ဘုရားရှိခိုးနိုင်ပါသည်။  ဘုရားသခင်က သာ၍ အသုံးပြုပါစေ။

 

အခုချိန်မှာ ဘုရားသခင်၏ သဘောတူမှု၊ လုပ်ဆောင်ပေးမှု နှင့် ကျေးဇူးတော် အားဖြင့် Mission Center ဟာ ထောက်ကြန့်မှာ နှစ် နေရာ၊ သန်လျင်မှာ တစ် နေရာ၊ တာဟန် ကလေးမြို့မှာ နှစ် နေရာ၊ ရှမ်းပြည်နယ်မှာ တစ် နေရာ ပိုင်ဆိုင်နိုင်ခဲ့ပါသည်။

 

ထိုတင်မက CROWNS သာသနာမှ မုဆိုးမများနှင့် မိဘမဲ့ ကလေးများ တတ်နိုင်သမျှ ကူညီနိုင်ခဲ့ပြီး ကျမ်းစာ ကျောင်းတက်တဲ့ ကျောင်းသားနှစ်ယောက်လည်း ကူညီနိုင်ခဲ့ကာ တစ်‌ယောက်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ တွင် BRE ဘွဲ့ ဆွတ်ခူးကာ အခုချိန်မှာ ဆရာ CK Khai ၏ အသင်းတော်၌ လူငယ်တွေ ဦးဆောင်သူအဖြစ်လည်းကောင်း၊ ချီးမွမ်းခြင်းနှင့် ကိုးကွယ်ခြင်း ဦးဆောင်သူ အဖြစ်လည်းကောင်း ပါဝင်ခဲ့ပါသည်။ ထို့အပြင် Tedim Theological College လက်အောက်မှာ ရှိသော School of Music ၌ ကျောင်းတက်နေသော ကျောင်းသားတစ်ဦး ထောက်ပံ့နိုင်ပြီး သူကလည်း Diploma ဘွဲ့ ဆွတ်ခူးရရှိပါသည်။ သူသည် ကျောင်း၌ ဆရာတွေ၏ မျက်နှာသာ ရ၍ ကျောင်း၌ စာသင်စေပါသည်။ သီချင်းလည်း သင်စေပါသည်။ ဂီတလည်း သင်စေပါသည်။

 

ထို့ နောက် လောကီ ပညာ‌ရေး ကျောင်းတက်နေသော လူငယ်နှစ်ဦးလည်း GED (General Education Diploma) တက်ရာတွင် ထောက်ပံ့ခဲ့ပြီး တစ်‌ယောက်က အမှကောလိပ်အဆင့်တ်ကောင်းကောင်းနှင့်အောင်မြင်၍ ကျန်တစ်‌ယောက်က စာမေးပွဲ ဖြေဆိုရန် စောင့်ဆိုင်းနေပါသည်။ စာကြိုးစား၍ အမှတ်ကောင်းရပြီး အမေရိကန် အသိအမှတ်ပြု ကျောင်းဖြစ်ပြီး၊  US မှ  နှင့် တက္ကသိုလ်အဆင့် သင်ခန်းစာများ သင်ယူခွင့် ရရှိပါသည်။ ရှေ့ဆက်ရမယ့် ‌ခြေလှမ်းတိုင်း ဘုရားသခင်က အောင်မြင်ခြင်း ပေးပါစေ။ကူညီခဲ့သလည်းဆိုတာ

 

သိသောသူ ဖြစ်စေ၊ မသိသောသူ ဖြစ်စေ နွမ်းပါးသောသူများကို ထောက်ပံ့ခြင်းများ ပြုလုပ်လျက်ရှိပြီး၊ ဘယ်သူတွေကို  နာမည် မမှတ်ထားပါ။ ထို့နောက် CROWNS သာသနာမှ မလေးရှားနိုင်ငံမှာ ရှိတဲ့ အသင်းတော်ကြီး တစ်ပါးဖြစ်သည့် Christ Mission Fellowship Church မှာ Nursery School (Pre-school) တွေကို 2024 ခုနှစ် တစ်နှစ်လုံး ဆရာမတွေကို လစာများ ထောက်ပံ့၍ မလေးရှားပိုက်ဆံ အနေနဲ့RM., 6000 ကုန်ကျပါသည်။ ထို ကျောင်း၌  ကလေးတော်တော် များများသည် စာပိုတတ်လာသည်။ ကောင်းကြီးမင်္ဂလာ ခံရကြပါသည်။ US Dollar နှင့် တွက်လျှင် $1400 ခန့် ကုန်ကျကြောင်း ပြောပြချင်ပါသည်။

 

ဒီတစ်ခါ Suangdaw ရွာမှာ Even Thawnpi အားဖြင့် သင်တန်းပြုလုပ်ဖို့ရာ ကုန်ကျသမျှကို ထောက်ပံ့နိုင်ခဲ့၍ ကုန်ကျစရိတ်အားလုံးသည်  US dollar နှင့် တွက်လျှင် US $ 1,0000 ခန့် ဖြစ်ပါသည်။ ပျောက်ဆုံးသော ဝိညာဥ်များအတွက် ဝန်တာထားခြင်း နှင့် ဝိညာဥ်ရေးရာတွင် နောက်ပြန်လှည့်သူများအတွက် စေတနာထားခြင်း ဖြ့စ်ပါသည်။ ဘုရားသခင်သည် ဘုန်းကြီးခြင်းနှင့် ဘုန်းတန်ခိုးကြီးခြင်း ရှိပါစေ။

ခရစ်တော်၌

 

Dr Ngo Thian Pau, ThD, MA, MBA (under progress), BBA

 

President

Center for Restoration of Worldwide Nasty Sinners (CROWNS)

ကမ္ဘာတစ်ဝှမ်း ညစ်ညမ်းသော အပြစ်သားများ ပြန်လည်ထူထောင်ရေးစင်တာ

North Ye’Su, Aung Mingalar Street, Sein Shwe Gone, Htauk Kyant,

Mingaladon Township, Yangon

ရဲစုမြောက်ပိုင်း၊အောင်မဂ်လာလမ်း၊စိန်ရွှေကုန်းကျေးရွာ၊ ထောက်ကြံ့မြို့၊ မင်္ဂလာဒုံမြို့နယ်၊ရန်ကုန်။

ဖုန်းနံပါတ် ၀၉၄၅၁၆၂၄၃၄၈

Center for Restoration of Worldwide Nasty Sinners(CROWNS)
  ---

+95 9 45162 4348

info@crownsmm.org

North Ye’Su, Aung Mingalar Street, Sein Shwe Gone, Htauk Kyant, Mingaladon Township, Yangon

Thanks for submitting!

  • White Instagram Icon
  • White YouTube Icon
  • White Facebook Icon

©2024 by CROWNS ministries. Powered and secured by Wix

bottom of page